မွန်မှာ ကြိုတင်မဲရလဒ် ကြံ့ခိုင်ရေးပါတီ အသာရနေ

(ပြည်တွင်း) ဒီဇင်ဘာ ၂၇

ဒီဇင်ဘာ ၂၈ ရက်နေ့  ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေကို မွန်ပြည့နယ်မှာ ရေတွက်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီက အပြန်အသတ်အသာရနေတယ်လို့ သိရပါတယ်။

ပြည်ပရောက်ကြိုတင်မဲတွေအပြင် ဥပဒေအရ ပေးအပ်ခဲ့တဲ့ကြိုတင်မဲတွေကို ဒီဇင်ဘာ ၂၆ ရက်နေ့က ရေတွက်ခဲ့တဲ့ရလာဒ်အရ ကြံ့ခိုင်ရေးပါတီက အသာစီးရနေတာလို့ သိရပါတယ်။

PAN ရဲ့ သတင်းအရင်းအမြစ်တွေရဲ့ပေးပို့ချက်အရ ပြာ်ခိုင်ဖြိုးပါတီပြီးရင် မွန်ညီညွတ်​ရေးပါတီက ဒုတိယလိုက်နေပါတယ်။ 

ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၅( ခ)အရ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ကို ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေဟာ အနာကြီးရောဂါစွဲကပ်နေသူတွေ၊ ရောဂါဝေဒနာပြင်းထန်စွာခံစားနေရသူတွေ၊ အိုမင်းမစွမ်းသူတွေ၊ သားဖွားနေသူတွေ၊ ရဲအချုပ်စခန်း ဒါမှမဟုတ် အကျဉ်းစခန်းမှာ အချုပ်ခံနေရသူတွေ၊ ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူနေရသူတွေ၊ နိုင်ငံ့ဝန်ထမ်း ဒါမှမဟုတ် တပ်မတော်သား ဒါမှမဟုတ် ရဲတပ်ဖွဲ့ဝင်တစ်ဦးဟာ မဲစာရင်းပါရှိရာဒေသကနေကျော်လွန်ပြီး ယာယီတာဝန် သွားရောက်ထမ်းဆောင်နေရသူဖြစ်တယ်လို့ ပြဌာန်းထားပါတယ်။

#PAN