

(မှုခင်း) ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ နဝဒေးလမ်းတွင် ပိုင်ရှင် ဦးတင်ငွေ၏ (၁၀x၆၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ Steel Structure (၂)ထပ် ကားအင်ဂျင်ဆိုင်အဆောက်အဦ၏ အောက်ထပ်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၅ နာရီ ၄၃ မိနစ်အချိန်ခန့်က ရေခဲသေတ္တာ Safeguard အပူလွန်ကဲပြီး မီးပွားထွက်ရာမှ သတင်းစာစက္ကူများအား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုနေရာသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှမီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၁၈)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၁၇ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုကြောင့် (၁၀x၆၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ Steel Structure (၂)ထပ် ကားအင်ဂျင်ဆိုင် အဆောက်အဦ၏ အပေါ်ထပ် (၁၀x၂၀)ပေ၊ ကားရေတိုင်ဂီအဟာင်းများ၊ ကားအင်ဂျင်အဟာင်းများ၊ အင်ဂျင်ဝိုင်အဟောင်းများ၊ ရေခဲသေတ္တာ (၁)လုံး၊ Air Cooler (၁)လုံး၊ ဟီးနိုးကားခေါင်းအဟာင်း (၄)ခေါင်းနှင့် ကားဘန်ဘာအဟာင်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ညစောင့် ဦးကျော်မင်းသန်း(၂၇)နှစ်အား ဘုရင့်နောင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။