(ပြည်တွင်း) ဒီဇင်ဘာ ၃
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်း လိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစား မှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိ ကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်း တာဝန်ရှိသူများအပါအဝင် အဖွဲ့စုံ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တရားမဝင်အဆောက် အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်း စဉ်များတွင်အသုံးပြုခဲ့သည့် သိမ်းဆည်းရမိ ပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံ များအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီ-မဲ့ထော်သလေး (KK Park) အပိုင်း (၃) နယ်မြေအတွင်းရှိ တရားမဝင်အဆောက် အအုံများဖြစ်သော ၁ ထပ်အားကစားရုံ ၁ လုံး၊ ၂ ထပ် KTV အဆောက်အအုံ ၁ လုံး၊ ၂ ထပ်လူနေအဆောက်အအုံ ၂ လုံး၊ ၄ ထပ်အဆောက်အအုံ ၁ လုံး၊ စုစုပေါင်းတရားမဝင် အဆောက်အအုံ ၅ လုံးကို ထပ်မံဖြိုချ ဖျက်ဆီးခဲ့သဖြင့် အပိုင်း(၃)နယ်မြေအတွင်း ရှိ အဆောက်အအုံ ၄၂၅ လုံးအနက် ယနေ့ အထိ ၁၄၀ လုံး ဖြိုချဖျက်ဆီးခဲ့ကြောင်းနှင့် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးအနက် ၂၈၈ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။
အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံများအား နိုဝင်ဘာလ ၁၈ ရက်မှ စတင်စစ်ဆေးခဲ့ရာ ယနေ့အထိ တရားမဝင် အဆောက်အအုံ ၁၆၉ လုံးကိုစစ်ဆေးတွေ့ရှိရပြီး အဆိုပါ အဆောက်အအုံများကို ပြန်လည်အသုံးပြုမှု မရှိစေရေးအတွက် သိမ်းဆည်းချိပ်ပိတ်ခြင်း များကို ဆက်လက်ဆောင်ရွက် လျက်ရှိရာ ယနေ့တွင် တရားမဝင်အဆောက်အအုံ ၂၀ လုံးကို ထပ်မံချိပ်ပိတ်သိမ်းဆည်းနိုင်ခဲ့ပြီး တရားမဝင်အဆောက်အအုံ စုစုပေါင်း ၁၆၁ လုံး ချိပ်ပိတ်သိမ်းဆည်းပြီးဖြစ်ကြောင်း သိရှိရသည်။
ရွှေကုက္ကိုလ်နယ်မြေအတွင်း စုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုများအရ ယနေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက် နေထိုင်သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၉၅၄ ဦးနှင့် အွန်လိုင်းလိမ်လည်လောင်း ကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၃၃၁၀ လုံး၊ မိုဘိုင်းဖုန်း ၂၁၈၇၀ လုံး၊ Star Link ဘန်း ၁၀၂ လုံး၊ Router ၂၂ လုံးနှင့် လုပ်ငန်းသုံးပစ္စည်းအများ အပြားကို စိစစ်တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်း ရမိပစ္စည်းများအား စနစ်တကျဖျက်ဆီး ရှင်းလင်းခဲ့ကြောင်းနှင့် ဖော်ထုတ်ရှင်းလင်း ခြင်းများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည်လောင်းကစားမှု ကျူးလွန်မှုများ ကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။






Telegram»…
https://t.me/positiveanglenews