
(မှုခင်း) ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၆၃)ရပ်ကွက်၊ ပန်းလှိုင်လမ်းနှင့် မိုးမခလမ်းထောင့်ရှိ ပိုင်ရှင် ဦးအေးထွန်း(ခ)ဟာဆန်းရဲ့ (၃၀x၅၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက် မနက် ၄ နာရီ ၁၅ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၆၃)ရပ်ကွက်၊ ပန်းလှိုင်လမ်းနှင့် မိုးမခလမ်းထောင့်ရှိ ပိုင်ရှင် ဦးအေးထွန်း(ခ)ဟာဆန်းရဲ့ (၃၀x၅၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်အပေါ်ထပ် ဝန်ထမ်းအိပ်ဆောင်တွင်ခြင်ဆေးခွေထွန်းအိပ်ရာကနေ အနီးမှာရှိတဲ့ မွေ့ရာကို မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
မီးလောင်မှုနေရာကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိတဲ့ မီးသတ်စခန်းတွေက မီးသတ်ယာဉ်(၂၂)စီးနဲ့လာရောက်ငြိမ်းသတ်ခဲ့ပြီး မနက် ၅ နာရီ ၂၀ မိနစ် အချိန်မှာတွ မီးငြိမ်းသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဲဒီ့ မီးလောင်မှုကြောင့် သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ် (၁)လုံးမီးလောင်ခဲ့ပြီး လူနဲ့တိရစ္ဆာန် ထိခိုက်ခဲ့တာမရှိဘူးလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။