(ပြည်တွင်း) နိုဝင်ဘာ ၂၉
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့ ၇ မိုင်ကျေးရွာအုပ်စုက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကျေးစာရေးမတစ်ဦးကို ကချင်လက်နက်ကိုင် KIA နဲ့ PDF အကြမ်းဖက်သမားတွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“၇ မိုင်ကျေးရွာအုပ်စု ရပ်ကျေးစာရေးမ ဒေါ်မိုးမိုးအောင် ကို ည ၁၀ နာရီလောက်မှာ သူ့အိမ်ကမှာပဲ လာဖမ်းသွားတာဟုတ်တယ်” လို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၁၀ နာရီက KIA PDF တွေရဲ့ဖမ်းဆီးခံလိုက်တဲ့ ထွေအုပ်ရပ်ကျေးစာရေးမ ဟာ နေအိမ်ကိုပြန်လည်ရောက်ရှိနေပြီလို့ သတင်းတွေထွက်ပေါ်နေပေမယ့် အတိအကျတော့ မသိရသေးဘူး သတင်းအရင်းအမြစ်က PAN ကို ပြောပါတယ်။
မိုးညှင်းမြို့နယ်မှာ နန့်စီးအောင်ကျေးရွာမှာ လွန်ခဲ့တဲ့ ၄ ရက်ကစပြီး KIA/PDF နဲ့ လုံခြုံရေးအဖွဲ့တွေကြားတင်းမာမှုတွေရှိနေပြီး KIA/PDF အဖွဲ့တွေက အင်အားပြတာတွေအပြင် နန့်စီးအောင်ကျေးရွာ အတွင်းက မဲရုံတွေဖျက်ဆီးမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတယ်လို့လည်း သိရပါတယ်။
#PAN