(မှုခင်း) နိုဝင်ဘာ ၂၉
ထိုင်းနယ်စပ်က Online ငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွေကို တပ်မတော်ကရှင်းလင်းနေတာကြောင့် အဲ့ဒီဒေသတွေကနေထွက်ပြေးတိမ်းရှောင်လာသူတွေကို မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းမှာ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ပေါင်မြို့နယ် ရင်းငြိမ်မြောက်ကျေးရွာအုပ်စု ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းပေါ်မှာရှိတဲ့ ရင်းငြိမ်ဘူတာမှာ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်ကဖမ်းမိတာလို့ ဒေသခံတွေကပြောပါတယ်။
ဖမ်းမိသူတွေထဲမှာ နိုင်ငံခြားသားတွေပါဝင်သလို မြန်မာတွေလည်းပါဝင်ပြီး လူဦးရေအနေနဲ့ ၁၀၀ကေျာ်မှာရှိတယ်လို့ သိရပါတယ်။
ကားတွေနဲ့သယ်ဘာတာလေ။ ဘယ်ကိုသယ်သွားမလဲမှမသိဘူး။ရထားနဲ့သွားမယ်ထင်တယ်။ အဖွဲ့စုံကလာဖမ်းသွားတာလို့ ရင်းငြိမ်ကျေးရွာ ဘူတာပိုင်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး ၃၉ ဦးနဲ့ အမျိုးသား ၆၂ ဦး ပါဝင်ပြီး အများစုဟာ ရှမ်းပြည်နယ် မှတ်ပုံတင် ၁၃ မျဉ်းစောင်း ကိုင်ဆောင်ထားကြသူတွေလို့ လုံခြုံရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
လက်ရှိမှာတော့ ပေါင်မြို့နယ် လဝကနဲ့ ရဲတပ်ဖွဲ့ဝင်တွေ စစ်ဆေးမှုတွေ ဆောင်ရွက်နေပြီး ဥပဒေအရ ဆက်ဆက်ဆောင်ရွက်မယ်လို့ သိရပါတယ်။
#PAN