
(အားကစား) နိုဝင်ဘာ ၂၇
ဘရာဇီးတိုက်စစ်ကစားသမား ဗီနီစီးယက်စ် က ရီးရဲလ်အသင်းနဲ့ စာချုပ်သစ်ချုပ်မှာ မဟုတ်ဘူးလို့ အသိပေးထားကြောင်း သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။
၂၀၂၇ နွေရာသီမှာ စာချုပ်ပြည့်မယ့် ဗီနီစီးယက်စ် က ရီးရဲလ်အသင်းနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ရပ်ဆိုင်းထားတာဖြစ်ပါတယ်။
ဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ နှောင့်နှေးနေချိန်မှာ ဗီနီးစီးယက်စ် ဘက်က အသင်းဆီကို အခုလိုအကြောင်းကြားခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်နည်းပြ အလွန်ဆို နဲ့ ဗီနီစီးယက်စ် တို့အကြား ဆက်ဆံရေးအခြေအနေကလည်း အဆင်မပြေတာကြောင့် ဗီနီစီးယက်စ် အနေနဲ့ အသင်းမှာဆက်နေဖို့ စဉ်းစားလာခဲ့တာဖြစ်နိုင်ဖွယ်ရှိနေပါတယ်။
ဗီနီစီးယက်စ် ဟာ အခုရာသီ ဘာစီလိုနာအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ လူစားလဲခံရပြီးနောက် ဒေါသထွက်ပေါက်ကွဲခဲ့ပြီး ၎င်းအခြေအနေက နည်းပြ အလွန်ဆို နဲ့ ဆက်ဆံရေးအခြေအနေကို ပိုပြီးတော့ ဆိုးရွားစေခဲ့တာဖြစ်ပါတယ်။
သတင်းတွေအရ နည်းပြ အလွန်ဆို လက်အောက်မှာ မပျော်မရွှင်ဖြစ်နေတာက ဗီနီစီးယက်စ် တစ်ယောက်တည်းမဟုတ်ဘဲ ကစားသမားအချို့လည်း ပါဝင်နေတယ်လို့သိရပါတယ်။
#PAN