ပြည်ပသို့ ပုစွန်မက်ထရစ်တန်ချိန် ၆,၀၀၀ နီးပါးတင်ပို့ထား

(စီးပွားရေး) နိုဝင်ဘာ ၂၆

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ ၇ လတာအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန်ချိန် ၆,၀၀၀ နီးပါးတင်ပို့ထားရာ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၇၅၅ သန်း ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ပြည်ပသို့ ပုစွန်တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့နိုင်ခဲ့ခြင်းဖြစ်တယ်လို့ ၎င်းဌာန စာရင်းများအရ သိရသည်။  

လက်ရှိဘဏ္ဍာနှစ် ၇ လတာ ကာလအတွင်းမှာ ပြည်ပနိုင်ငံများသို့ ပုစွန်မက်ထရစ်တန် ၅,၉၈၆ ဒသမ ၇၃၉ တန် တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၇၅၅ သန်း ရရှိခဲ့တာဖြစ်ပြီး ထပ်မံပြီး တင်ပို့မှုများ ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ငါး၊ ပုစွန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့ လျက်ရှိပြီး လက်ရှိဘဏ္ဍာနှစ်အတွင်း ပုံမှန်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၅,၄၄၉ ဒသမ ၈၇၉ တန် တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၈၁၅ သန်း ရရှိခဲ့ကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၅၃၆ ဒသမ ၈၆ တန်တင်ပို့ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၄ သန်း ရရှိခဲ့သည်။

ယခုဘဏ္ဍာနှစ် ၇ လတာကာလအတွင်း ရေထွက်ကုန် စုစုပေါင်းမက်ထရစ်တန် ၂၃၄,၁၀၇ ဒသမ ၀၈၆ တင်ပို့ ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

#PAN