

(မှုခင်း) နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာ၊ နေကျော်ကျောင်းလမ်း၊ ပိုင်ရှင်ဦးမောင်နန်းဟီးဖုန်ဆားရ်၏ (၂၅x၄၀)ပေ၊ ဓနိမိုး၊ ထရံကာ၊ ဝါးတိုင်မြေစိုက်(၁)ထပ် ယာယီဝတ်ပြုအဆောင်အဟောင်းတွင် နိုဝင်ဘာလ ၂၂ ရက်နေ့၊ နံနက် ၂ နာရီ ၃၅ မိနစ်အချိန်ခန့်က သွယ်တန်းထားသောဝိုင်ယာကြိုးများ အပူလွန်ကဲရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုနေရာသို့ လှည်းကူးမြို့နယ်အတွင်းရှိ မီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် (၂)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၅၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် (၂၅x၄၀)ပေ၊ ဓနိမိုး၊ ထရံကာ၊ ဝါးတိုင်မြေစိုက်(၁)ထပ် ယာယီဝတ်ပြု အဆောင်၏ (၁၀x၁၅)ပေ၊ King Master လက်ဆွဲမီးစက်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးမောင်နန်းဟီးဖုန်ဆားရ် (၃၇)နှစ်အား လှည်းကူးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။