ရိုးရိုးသားသား စီးပွားရှာစားဖို့ လော်ဘီတွေကို ဦးကိုကိုကြီး သတိပေး

(ပြည်တွင်း) နိုဝင်ဘာ ၂၁

စီးပွားရှာစားရင် ရိုးရိုးသားသား စီးပွားရှာစား၊ အဲဒီလော်ဘီတွေလည်း ကြပ်ကြပ်သတိထားပါလို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ နိုဝင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းက ပြုလုပ်တဲ့ ပါတီအောင်နိုင်ရေး ဖွင့်ပွဲအခမ်းနားမှာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက သတိပေးပြောဆိုလိုက်ပါတယ်။

“ဆဲဆို တိုက်ခိုက် ခြိမ်းခြောက်ခံပြီးတော့ အခန့်မသင့်ရင် ဒီဘက်မှာက မယုံသင်္ကာနဲ့ စစ်မေးတာ၊ ဖမ်းဆီးတာ ခံကောင်းလည်း ခံရနိုင်တယ်။ အဲဒီအန္တရာယ်တွေကြားထဲမှာ နိုင်ငံကို နိုင်ငံရေး နည်းလမ်းနဲ့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ သူတွေရဲ့ နိုင်ငံရေးပလက်ဖောင်းကို ဖျက်ဆီးမပစ်နဲ့၊ ကိုယ့်ဘာကိုယ် ပိုက်ဆံရှာစား၊ စီးပွားရှာစားရင် ရိုးရိုးသားသား စီးပွားရှာစား၊ အဲဒီလော်ဘီတွေလည်း ကြပ်ကြပ်သတိထားပါလို့ ကျနော်က ပြောချင်တယ်”လို့ ဦးကိုကိုကြီးက ပြောပါတယ်။

နိုင်ငံရေးပလက်ဖောင်းကို ဖျက်စီးမပစ်ပါနဲ့ နိုင်ငံရေးပလက်ဖောင်းပြန်ပြီးအားကောင်းမှ ကျွန်တော်တို့ပြည်သူတွေ တစ်ဦးချင်း တစ်ယောက်ချင်း ပါဝင်ဆောင်ရွက်နိုင်တဲ့ နိုင်ငံရေးဟာ ရွေးကောက်ပွဲနိုင်ငံရေး လက်နက်ကိုင်နိုင်ငံရေးတို့ အခြားနည်းလမ်းတို့ကိစ္စဟာ ပြည်သူတိုင်းပါဝင်ဆောင်ရွက်မှုမလုပ်နိုင်ဘူး၊ မဲပေးရွေးချယ်တာကြတော့ ပြည်သူတိုင်းပြည်သူတိုင်း ဥပဒေဘောင်ထဲကနေပြီးတော့ သူ့ရဲ့ဆန္ဒကို ဖော်ထုတ်နိုင်တဲ့အခွင့်အလမ်းဖြစ်တယ်အဲ့ဒါကို ဖျက်စီးမပစ်ပါနဲ့လို့ အဲ့ဒီအစွန်းနှစ်ဖက်ကို ပြောချင်တယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကပြောပါတယ်။

တစ်ဖက်ကို ဆန့်ကျင်ချေမှုန်းချင်တာနဲ့ နိုင်ငံရေးမားအားလုံးကိုတိုက်ခိုက်ကြပြီး “ကြက်တူရွေးကတော်တော် မယ်တော်က ကဲကဲ” ဆိုတာက ပိုပြီးတော့ဆိုးနေပြီး တပ်မတော်ခေါင်းဆောင်တွေမှာ အမျှော်မြင်ရှိရှိနဲ့ “နိုင်ငံရေးဟာဒီလိုလုပ်လို့မရဘူး ပြုပြင်ပြောင်းလဲရမယ်”ဆိုတာကို သိတဲ့အပိုင်းက သိနေပြီး ခက်နေတာက လော်ဘီတွေရဲ့ပြဿနာလို့ သူကဆိုပါတယ်။ “လော်ဘီတွေက‌ သောက်မှန်းကန်းမှန်းမသိ နိုင်ငံရေးအကျဉ်းသားဟောင်းဆိုတာကို တိုက်ခိုက်တာတွေလုပ်လာတယ်။ အလကားနေထောင်ထဲသွားနေတာမဟုတ်ဘူး။ ငယ်ငယ်ရွယ်ရွယ်အချိန်တွေမှာ ကိုယ့်ကိုကိုယ် ကြီးပွားတိုးတက်အောင်လုပ်နိုင်တဲ့အခွင့်အလမ်းတွေကိုစွန့်လွှတ်ပြီးတော့ နိုင်ငံကို ပြုပြင်ပြောင်းလဲဖို့ အကြမ်းမဖက်နိုင်ငံရေးနည်းလမ်းနဲ့ဆောင်ရွက်တာ” လို့လည်း သူက ပြောဆိုလိုက်တာဖြစ်ပါတယ်။

#PAN