အချိန်ပိုင်းအနုပညာဒီပလိုမာ (Film Making) သင်တန်း ဖွင့်လှစ်မည်

(ပြည်တွင်း) နိုဝင်ဘာ ၁၇

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ အချိန်ပိုင်းအနုပညာ ဒီပလိုမာ(ဓာတ်ပုံ)သင်တန်းအစား အချိန်ပိုင်းအနုပညာဒီပလိုမာ(Film Making)သင်တန်းကို ပြောင်းလဲဖွင့်လှစ်မည် ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါသင်တန်းကို Level သုံးခုနဲ့ စုစုပေါင်း အချိန်ကိုးလ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ ဘွဲ့ရရှိပြီးသူများ၊ အခြေခံပညာ Grade-12 သို့မဟုတ် ဒဿမတန်းအထိ တက်ရောက်ခဲ့သူများ တက်ရောက်သင်ကြား နိုင်မှာဖြစ်ပါတယ်။

သင်တန်းပြီးမြောက်ပါက ဘွဲ့ရရှိပြီးသူများနှင့် အခြေခံပညာ Grade-12 သို့မဟုတ် ဒဿမတန်း အောင်မြင်ပြီး သူများကို Diploma in Arts (Film Making) ကိုလည်းကောင်း၊ အခြေခံပညာအထက်တန်းအထိ တက်ရောက် ခဲ့သူများကို Film Making အထူးပြုအနုပညာအောင်လက်မှတ်ကို ပေးအပ်မှာဖြစ်သည်။

အဓိကသင်ကြားမည့် ဘာသာရပ်များမှာ ဓာတ်ပုံ၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ တည်းဖြတ်ဘာသာရပ်တို့အပြင် အထောက်အကူပြုဘာသာရပ်များဖြစ်တဲ့ သရုပ်ဆောင်၊ အနုပညာစီမံခန့်ခွဲမှု၊ ရုပ်ရှင်ထုတ်လုပ်ရေးစီမံခန့်ခွဲမှု ဘာသာရပ်များပေါင်းစပ်သင်ကြားသွားမှာ ဖြစ်ပါတယ်။

အဆိုပါသင်တန်းကို ဒီဇင်ဘာလ ၁ ရက်မှာ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၃ ရက်မှစ၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) သင်တန်းရေးရာဌာန၊ ဖုန်း-၀၉-၄၂၁ ၀၁၂ ၈၀၈၊ ၀၉-၇၈၈ ၁၈၉ ၁ ၈၀၊ ၀၉-၂၅၀ ၀၈၈ ၂၆၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရပါတယ်။