
(ပြည်တွင်း) နိုဝင်ဘာ ၁၇
နေပြည်တော် ၊လယ်ဝေးမြို့နယ် ရှားချောင်းကျေးရွာအုပ်စု၊ ပတ္တာကျေးရွာအနီးရှိ ရုံးပင်ချောင်းအတွင်း၌ ရှေးဟောင်းသစ်သားထွင်းလှေဟုယူဆရသည့် လှေတစ်စီးတွေ့ရကြောင်းသိရသည်။
ယနေ့မွန်းလွဲ ၁နာရီခွဲအချိန်ကပတ္တာကျေးရွာနေ ဦးဇော်မင်းဟန်၊၄၅နှစ်(ဘ)ဦးဖိုးထောင်မှ ရုံးပင်ချောင်းအတွင်း ငါးဖမ်းရာ ရှေးဟောင်းလှေတစ်စီးအား တွေ့ရှိရသဖြင့်
ပတ္တာကျေးရွာ၊ ရွာဦး ဘုန်းတော်ကြီးကျောင်းဆရာတော်ဘဒ္ဒန္တဝီဇယ မှဦးစီး၍ ကျေးရွာသူ/သား(၂၀၀)ဦးခန့်တို့နှင့်အတူ ဆယ်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါရှေးဟောင်းသစ်သားလှေမှာ အရှည်(၅၂)ပေခန့်လုံးပတ် (၇) ပေခွဲခန့်ရှိပြီး ဆယ်ယူပြီးစီးပါက ပတ္တာကျေးရွာရှိ သစ္စာမာန်အောင်သက်ပေါင်းချမ်းသာဆုတောင်းပြည့်စေတီအတွင်းထားရှိမည်ဖြစ်ကြောင်းသိရသည်။