အလုပ်သမားစေလွှတ်မှု လချုပ်စာရင်းပေးပို့ရန် အေဂျင်စီ ၄၀ အထိ ကျန်ရှိနေ

(ပြည်တွင်း) နိုဝင်ဘာ ၁၂

၂၀၂၅ ခုနှစ် အောက်တိုဘာလအတွက် ပြည်ပသို့အလုပ်သမားစေလွှတ်မှု လချုပ်စာရင်းပေးပို့ရန် အေဂျင်စီ ၄၀ အထိကျန်ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာန၏ Safe migration မှ ထုတ်ပြန်ထားပါတယ်။

အဆိုပါ အေဂျင်စီ များအနေနဲ့ စေလွှတ်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သက်ဆိုင်ရာသို့ အချိန်မီပေးပို့ပေးရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ကျန်ရှိနေတဲ့ အေဂျင်စီများအနေနဲ့ dolmigrationsending@gmail.com သို့ အချိန်မီပေးပို့ရန် အသိပေးထားပြီး သတ်မှတ်ရက်အတွင်း ပေးပို့ခြင်းမရှိပါက ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမားဝန်ကြီးဌာနက တရားဝင်ခွင့်ပြုထားတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီများမှာ ၅၄၇ ခုရှိပြီး ယင်းတို့အနက် အချို့က လိုင်စင်ယာယီပိတ်သိမ်းခံ ထားရတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီများလည်း ရှိပါတယ်။

PAN