မိုးကုတ်ကနေ ဆုတ်မပေးဘူးလို့ မန္တလေး PDF ပြော

(ပြည်တွင်း) အောက်တိုဘာ ၂၉

TNLA က စစ်ရှုံးတဲ့သဘောတူညီမှုအရ အပစ်အခတ်ရပ်စဲပြီး မိုးကုတ်နဲ့မိုးမိတ်ကဆုတ်ပေးမယ်လို့ ပြောပေမယ့် အကြမ်းဖက် PDF!တွေကတော့ ဆုတ်မပေးပဲ ဆက်လက်ခုခံသွားမယ်လို့ ပြောနေပါတယ်။

မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုတွေရဲ့ ဒုတိယအကြိမ်အတွင်းမှာ TNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ခဲ့ကြတာဖြစ်ပါတယ်။

TNLA က မိုးကုတ်နဲ့ မိုးမိတ်ကို ပြန်ပေးပါမယ်လို့ဂတိပြုထားပေမယ့် အဲ့ဒီမြို့နှစ်မြို့အပါအဝင် စဉ့်ကူး၊ သပိတ်ကျင်း စတဲ့ မြို့၊ရွာတွေကို ပြန်မပေးပဲ ဆက်လက်တိုက်ခိုက်မယ်လို့ အောက်တိုဘာ PDF ၂ ဖွဲ့ကပြောပါတယ်။

PDF အကြမ်းဖက်တွေဟာ မိုးကုတ်အပါအဝင် မြို့အတော်များများကို
TNLA နဲ့ KIA ရဲ့အနဲ့ ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး သူ့တစ်ဖွဲ့တည်းဆိုရင်တော့ ရေရှည်မခံနိုင်ဘူးလို့ စစ်ရေးသုံးသပ်သူတွေက ပြောပါတယ်။
“TNLA လက်မလွှတ်ပေးလည်းပြဿနာမရှိဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့သိသလောက်ဆိုရင် စစ်ကြောင်းတွေက မြို့ကိုဝင်ထောက်ထားပြီးပြီ မြို့ကိုဝင်ပစ်မယ်ဆိုရင် ဒီကောင်တွေထွက်ပေါက်ပျောက်မှာ ဒါကြောင့် ပလောင်ကလူလည်လုပ်ပြီးအရင်ပြေးတာပါ။ လူမိုက် PDF တွေကတော့ မြို့ထဲမှာအသေခံမယ့်သဘောရှိတယ်။ အရင်က မြို့ထဲကမှာနေကြတဲ့တစ်ချို့ ပြောင်းရွှေ့သွားကြတာရှိတယ်။ မပြေးမလွှားနိုင်ပဲကျန်တဲ့သူပဲရှိတော့တယ်လို့လည်း ကြားတယ်” ယာယီနေနေရပ်စွန့်ခွာသူတစ်ဦးကပြောပါတယ်။

အကြမ်းဖက်ပစ်ခတ်မှုတွေနဲ့အတူ TNLA က ထိန်းချုပ်ထားလိုက်တဲ့ မိုးကုတ်အပါအဝင် ရှမ်းပြည်နယ်မြောက်က မြို့ ၅ ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ထားလိုက်ပြီး အဲဒီမြို့တွေမှာတော့ ဆေးရုံနဲ့ စာသင်ကျောင်းတွေပြန်လည်ဖွင့်လှစ်နေပြီဖြစ်သလို ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

#PAN