(ပြည်တွင်း) အောက်တိုဘာ ၂၈
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၂ ) ကို ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် ) တနင်္ဂနွေနေ့ မှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။

နောက်ထပ်ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း (၂) မှာ မြို့နယ် ( ၁၀၀ ) မြို့နယ်ပါဝင်ပါတယ်။ အပိုင်း (၁) နဲ့ အပိုင်း (၂) ကိုကြား ကြာချိန်ဟာ ရက်ပေါင်း ၁၄ ရက်အကြာမှာဖြစ်ပြီး အဲ့ဒီကာလဟ မဲဆွယ်ကာလမဟုတ်ပဲ မဲဆွယ်စည်းရုံးမှာတွေရပ်နားထားရမယ့် ကာလလည်း ဖြစ်ပါတယ်။
အဲ့ဒီမြို့နယ်တွေက ကချင်ပြည်နယ်က ၃ မြို့နယ်၊ ကယားပြည်နယ်က ၂ မြို့နယ်၊ ကရင်ပြည်နယ်က ၂ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးက ၁၁ မြို့နယ်၊ တနင်္သါရီက ၃ မြို့နယ်၊ ပဲခူးတိုင်းက ၁၂ မြို့နယ်၊ မကွေးတိုင်းက ၁၁ မြို့နယ်၊ မန္တလေးတိုင်းက ၉ မြို့နယ်၊ မွန်ပြည်နယ်က ၅ မြို့နယ်၊ ရန်ကုန်တိုင်းက ၁၆ မြို့နယ်၊ ရှမ်းပြည်နယ်က ၁၇ မြို့နယ်နဲ့ ဧရာဝတီတိုင်းက ၉ မြို့နယ်တို့ပဲဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၁ ) ကို မြို့နယ် ( ၁၀၂ ) မြို့နယ်နဲ့ကျင်းပပေးမယ့်လို့ သြဂုတ် လ ၂၀ ရက်နေ့က ကြေညာခဲ့တာဖြစ်ပါတယ်။
#PAN