
(အားကစား) အောက်တိုဘာ ၂၈
အယ်လ်နာဆာအသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒို အနေနဲ့ ကစားသမားဘဝ သွင်းဂိုးပေါင်း ၉၅ဝ ပြည့်မြောက် သည့် မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ကြောင်း သိရပါတယ်။
စီရော်နယ်လ်ဒို အယ်လ်နာဆာအသင်းက အယ်လ်ဟာဇင်အသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးပြီးနောက် ယခုလို မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
တိုက်စစ်မှူး စီရော်နယ်လ်ဒို အနေနဲ့ ကစားသမားဘဝတစ်လျှောက်တွင် ဂိုးပေါင်း ၁,၀၀၀ ပြည့်ရန် ရည်မှန်းထားရှိပြီး လက်ရှိအချိန်တွင် ဂိုး ၉၅ဝ ထိ ရှိလာခဲ့ပြီး ဂိုး ၁,ဝဝဝ ပြည့်မြောက်ရန် သွင်းဂိုး ၅ဝ သာ လိုအပ်တော့ တာဖြစ်ပါတယ်။
အသက် ၄ဝ အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ စီရော်နယ်လ်ဒို ဟာ အသက်အရွယ်ပိုင်းအရ ကြီးမြင့်လာနေ ပေမယ့် လက်ရှိအချိန်ထိ ခြေစွမ်းကျဆင်းမှုမရှိသေးဘဲ အယ်လ်နာဆာအသင်းနှင့်အတူ ယခုနှစ်ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ရှစ်ပွဲ ကစားပြီး ခုနစ်ဂိုးအထိ သွင်းယူထားနိုင်တာဖြစ်ပါတယ်။
#PAN