
(အားကစား) အောက်တိုဘာ ၂၈
မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ကိုဗာဆစ် ကို ဥရောပကလပ်အသင်းများဖြစ်တဲ့ အေစီမီလန်၊ အေဗီလာနှင့် ဝက်စ်ဟမ်းအသင်းတို့က အပြိုင်ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေပါတယ်။
အသက် ၃၁ နှစ်အရွယ် ကိုဗာဆစ် ဟာ မန်စီးတီးအသင်းနှင့်အတူ ၂ဝ၂၃-၂ဝ၂၄ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ပွဲပေါင်း ၉ဝ ကစားပြီး ၁ဝ ဂိုးသွင်းထားနိုင်ခဲ့လို့ ဥရောပကလပ်အသင်းများက ခေါ်ယူရန် စိတ်ဝင်စားလာခြင်း ဖြစ်ပါတယ်။
ကိုဗာဆစ် ကိုယ်တိုင်ကလည်း လက်ရှိအချိန်မှာ အသင်းတာဝန်ရှိသူများနဲ့ အဆင်မပြေဖြစ်နေလို့ လာမည့် ဈေးကွက်အတွင်း အသင်းမှထွက်ခွာဖွယ်ရှိနေပါတယ်။ ဒါကြောင့် ဥရောပကလပ်အသင်းများဖြစ်တဲ့ အေစီမီလန်၊ အေဗီလာ နဲ့ ဝက်စ်ဟမ်းအသင်း တို့က ကိုဗာဆစ် ကို ခေါ်ယူနိုင်ရေးအတွက် အပြိုင်ကြိုးပမ်းနေတာဖြစ်ပါတယ်။
#PAN