(ပြည်တွင်း) အောက်တိုဘာ ၂၄

ဒီဇင်ဘာလ ၂၈ ရက်မှာ ကျင်းပမယ့်ရွေးကောက်ပွဲအတွက် ပြည်တွင်းနှင့်နိုင်ငံတကာ သတင်းမီဒီယာများ သတင်းရယူရန် စတင်လျှောက်ထားရမည့် နေ့ရက်နှင့်ကာလကို မကြာမီအသိပေးကြေညာပေးမည်ဖြစ်ကြောင်း သိရပါတယ်။
အထွေထွေရွေးကောက်ပွဲမှာ သတင်းရယူလိုတဲ့ ပြည်တွင်းသတင်းမီဒီယာများက မိမိကိုယ်စားပြုတဲ့ ပြည်တွင်း သတင်းမီဒီယာအဖွဲ့အစည်းမှ ရွေးကောက်ပွဲသတင်းရယူရန် တာဝန်ပေးစေလွှတ်ထားသူဖြစ်ကြောင်း အထောက်အထားစာ ကို တင်ပြ၍ဖြစ်စေ၊ ပြည်တွင်းပုဂ္ဂလိက သတင်းမီဒီယာသမားများက ကိုယ်တိုင်ရေးလျှောက်လွှာမှာ မိမိနှင့်ဆက်သွယ် ဆောင်ရွက်လျက်ရှိတဲ့ ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်း၏ ထောက်ခံစာကို တင်ပြ၍ဖြစ်စေ မိမိတို့သတင်းရ ယူမည့် မြို့နယ်၏ သက်ဆိုင်ရာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ လျှောက်ထားရမယ်လို့ သိရပါတယ်။
နိုင်ငံတကာသတင်းမီဒီယာများအနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထား ရမယ်လို့ သိရပါတယ်။
ဒါ့အပြင် ခရိုင်တစ်ခုထက်ပို၍ သတင်းရယူလိုပါက သတင်းရယူလိုတဲ့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံမှာ ထပ်မံလျှောက်ထားရမည်ဖြစ်ကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြည်တွင်း သတင်းမီဒီယာနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် နည်းလမ်းများကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် နိုင်ငံတကာ သတင်းမီဒီယာများနှင့် စပ်လျဉ်း၍ဆောင်ရွက်ရမည့်နည်းလမ်းများကို ပြန်ကြားရေးဝန်ကြီးဌာနမှတဆင့် အသိပေး အကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရပါတယ်။