ကားလမ်းလုံခြုံရေးအဖွဲ့မိုင်းဆွဲခံရတာကြောင့် ဒဏ်ရာရရှိ သူရှိ

(ပြည်တွင်း) အောက်တိုဘာ ၁၆

ရန်ကုန် – မော်လမြိုင်ပြည်ထောင်စုလမ်းမကြီးပေါ် ဘီးလင်းမြို့နယ် အလူးကျေးရွာအုပ်စုမှာ လမ်းလုံခြုံရေးဆောင်ရွက်နေတဲ့ ဂိတ်စခန်းတစ်ခုမိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကျေးရွာအုပ်စု၊ အလူးကျေးရွာက ရန်ကုန်- မော်လမြိုင် ပြည်ထောင်စုကားလမ်းမပေါ်မှာ လမ်းလုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံအရေးအဖွဲ့ကို အထပ်သားစက်ရုံအနီးမှာ KNU နဲ့ PDF အကြမ်းဖက်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံ သတင်းအရင်းအမြစ်ကပြောပါတယ်။

အထပ်သားစက်ရုံအနီးမှာပဲဗျ အဲ့ဒီနေရာမှာခဏခဏ မိုင်းတက်ဆွဲလိုက် တက်ပစ်လိုက် ကားတွေတက်တားလိုက်လုပ်နေတာ ဘီးလင်းမြို့ပေါ်က အုပ်ကြီးတစ်ယောက်အပစ်ခံရတာလဲ အဲ့ဒီနေရာပဲ အိမ်စီးကားတစ်စီးအပစ်ခံရတာလည်း အဲ့ဒီဝန်းကျင်ပဲ၊ သူတို့က ဂုံညှင်းနွယ်ဘက်ကလာတာလို့ ထင်တယ် အဲ့ဒီဘက်ကိုရှင်းဖို့လိုမယ်လို့ ဒေသခံကပြောပါတယ်။

ရန်ကုန်- မော်လမြိုင် ပြည်ထောင်စုကားလမ်း၊မိုင်တိုင်အမှတ် – ၁၂၀ (၃/၄) အကြားမှာ လမ်းကင်းလုံခြုံရေးတာဝန်ဆောင်ရွက်နေတဲ့ လုံခြုံအဖွဲ့ကိုအကြမ်းဖက် KNU နဲ့ PDF ပူးပေါင်းအဖွဲ့ (စိစစ်ဆဲ)မှ မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် လုံခြုံရေးတပ်သားအချို့ ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။