မြောက်ဥက္ကလာပမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း) အောက်တိုဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ သီရိရတနာလက်ကားဈေးအနီး၌ အောက်တိုဘာ ၁၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ သီရိရတနာလက်ကားဈေးအနီး၌ နိုင်စိုးရဲ(ခ)ရဲကြီး၊ ၅၂ နှစ် မောင်းနှင်ပြီး ထွန်းထွန်းလင်း(ခ)သားကြီး၊ ၄၂ နှစ်တို့ လိုက်ပါလာသည့် MAZADA DEMIO အမျိုးအစား‌ မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာမှ ၎င်းတို့သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် သိန်း (၆၀) အား ဖမ်းဆီးရမိခဲ့ခြင်းကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိ တရားခံများဖြစ်သော နိုင်စိုးရဲ(ခ)ရဲကြီးနှင့် ထွန်းထွန်းလင်း(ခ)သားကြီးတို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

#PAN