ကျိုက်ထီးရိုးတောင်တက် ကေဘယ်လ် လူတစ်ဦး ငွေ ၂၀,၀၀၀ ကျပ်နဲ့ပြေးဆွဲပေး

(ပြည်တွင်း) အောက်တိုဘာ ၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးမှာ ကာလအတန်ကြာ ရပ်နားထားခဲ့တဲ့ ကေဘယ်လ်ကားများ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရပါတယ်။

အောက်တိုဘာလ ၄ ရက်က စတင်ကာ ပြေးဆွဲပေးခဲ့ခြင်းဖြစ်ပြီး ကျိုက်ထီးရိုးစေတီတော်ကြီးသို့  လာရောက် ကြတဲ့ ဘုရားဖူးဧည့်သည်များ အဆင်ပြေစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းလည်း ဖြစ်ပါတယ်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ  ဗုဒ္ဓပူဇနိယ ပွဲတော်ကာလဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ခုနစ်လ တိုင်တိုင် နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။

ကေဘယ်လ်ကား စီးနင်းခမှာ အသွားခရီးကို လူတစ်ဦးလျှင် ငွေကျပ် ၂၀,၀၀၀ နှင့် အသွားအပြန် ခရီးအတွက် ငွေကျပ် ၃၀,၀၀၀ သတ်မှတ်ထားပါတယ်။ သီတင်းကျွတ်လပြည့်နေ့မှ စတင်ကျင်းပသော ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်သို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးခရီးသွားအများအပြား လာရောက်လျက် ရှိပါတယ်။

#PAN