
(အားကစား) စက်တင်ဘာ ၂၆
အင်္ဂလန်လိဂ်ဖလား တတိယအဆင့်ပွဲစဉ်များ ကစားအပြီးမှာ စတုတ္ထအဆင့်ပွဲစဉ်တွေကို မဲနှိုက်ခဲ့ရာမှာ လက်ရှိ ချန်ပီယံ နယူးကာဆယ်အသင်းက ပရီးမီးယားလိဂ်ပြိုင်ဘက် စပါးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။
ပရီးမီးယား လိဂ်ရဲ့ ခြေစွမ်းညီတဲ့ ၂ သင်းထိပ်တိုက်တွေ့ဆုံတာဖြစ်လို့ နယူးကာဆယ်အိမ်ကွင်းမှာ ကစားရမယ့် အခုပွဲစဉ်က စတုတ္ထအဆင့်ပွဲစဉ်တွေထဲမှာ အကြိတ်အနယ်အရှိဆုံးပွဲစဉ်ဖြစ်လာမှာပါ။
လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သလို အခုရာသီမှာ နိုင်ပွဲတွေဆက်နေတဲ့ လီဗာပူးလ်အသင်းက စတုတ္ထအဆင့်မှာ ပဲလေ့စ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ရာသီအစ ကွန်မြူနတီဒိုင်းမှာ ပင်နယ်တီနဲ့ ရှုံးနိမ့်ရမှုကို လိဂ်ဖလားမှာ လီဗာပူးလ်အသင်းအနေနဲ့ ရှုံးကြွေးပြန်ဆပ်နိုင်မလား စောင့်ကြည်ရမှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကတော့ အိမ်ကွင်းမှာ ဘရိုက်တန်အသင်းကို လက်ခံကစားရမှာဖြစ်လို့ အာဆင်နယ်ရဲ့ ခြေစွမ်းကို နောက်ထပ် အစမ်းသပ်ခံရမယ့် ပွဲစဉ်လည်း ဖြစ်လာနိုင်ပါတယ်။
ချဲလ်ဆီးအသင်းကတော့ ဝုဗ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး မန်စီးတီးအသင်းက ဆွမ်ဆီးအသင်းအိမ်ကွင်းကို သွားရောက်ကစားရမှာဖြစ်ပါတယ်။
#PAN