
(အားကစား) စက်တင်ဘာ ၂၆
မန်ယူအသင်းဟာ ကိုလံဘီယာကလပ် ဖော်တာလီဇာအသင်းက ဆယ်ကျော်သက် ကွင်းလယ်ခံစစ် ကစားသမား အိုရော့ဇ်ကို ကို အသက် ၁၈ နှစ်ပြည့်ချိန်မှာ ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
အိုရော့ဇ်ကိုဟာ ပြီးခဲ့တဲ့ဇူလိုင်လကမှ အသက် ၁၇ နှစ်ပြည့်ခဲ့သူဖြစ်ပြီး ကိုလံဘီယာယူ-၁၇ အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ခြေစွမ်းပြကစားနေသူဖြစ်ပါတယ်။
ဒါကြောင့် မန်ယူအသင်းက လာမယ့်နှစ်မှာ ခေါ်ယူဖို့အတွက် အကြိုသဘောတူညီချက် ရယူခဲ့တာဖြစ်ပြီး လာမယ့်ရာသီမှာ မန်ယူအသင်းရဲ့ ကစားသမားအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။
#PAN