TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


(မှုခင်း) စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ နားရှိုးကျေးရွာတွင် စက်တင်ဘာ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်က TNLA အကြမ်းဖက် အဖွဲ့ ထောင်ထားသည့် နင်းမိုင်း တစ်လုံး နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ တစ်ဦး ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်တွင် နားရှိုးကျေးရွာနေ ဒေါ်ကေခိုင်ဦး၊ ၄၂ နှစ်သည် ၎င်း၏နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် TNLA အကြမ်းဖက် အဖွဲ့က ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိ ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ယာခြေသလုံးပြတ်၊ ဝဲလက်ဖျံ၊ လည်ပင်း၊ ယာရင်အုံပေါက်ပြဲ၊ ယာမျက်လုံးပေါက်ထွက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

PAN