ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

(မှုခင်း) စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာရှိ ပိုင်ရှင် ဦးကျော်ဝင်းထွန်းရဲ့ (၄၀x၂၅)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း(၁)ထပ် စပါးခွံသိုလှောင်ရုံတွင် စက်တင်ဘာလ ၂၀ ရက်နေ့၊ နံနက် ၇ နာရီ ၃၅ မိနစ်အချိန်ခန့်က မီးစက်နှိုးထားရာကနေ အပူလွန်ကဲပြီး မီးပွားထွက်ကာ စပါးခွံ အိတ်တွေပေါ်ကို မီးပွားကျရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီ့မီးလောင်မှုနေရာကို ဘိုကလေးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ မီးသတ်ယာဉ်(၂)စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါတယ်။

မီးလောင်မှုကြောင့် (၄၀x၂၅)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း(၁)ထပ် စပါးခွံသိုလှောင်ရုံရဲ့ အမိုး၊ အကာနဲ့ စပါးခွံအိတ်(၂၀)ခန့် မီးလောင်ဆုံးရှုံးခဲ့ပါကြောင်းနဲ့ မီးပေါ့ဆသူ ပိုင်ရှင် ဦးကျော်ဝင်းထွန်းကို ဘိုကလေးမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။