ရာသီဥတုအခြေအနေများကြောင့် ဆည်မြောင်းတာတမံများ လိုအပ်သည်များကိုကြိုတင်ပြင်ဆင်ထားကြရန် မိုးဇလသတိပေး

(မိုး/ဇလ) စက်တင်ဘာ ၂၂

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းနေခြင်းကြောင့် ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ လေထုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်း၊ ဘင်္ဂလားပင်လယ် အော်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာနိုင်ခြင်း၊ လေပွေလှိုင်းများ အရှေ့ဘက်မှ ရွေ့လျားလာနိုင် ခြင်း ဖြစ်စဥ်များဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

၎င်းမိုးလေဝသဖြစ်စဥ်များကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း ဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။

ဒါ့ကြောင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးနေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးနေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားကြရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည် များကို ကြိုတင်ပြင်ဆင်ထားကြရန် အသိပေးနှိုးဆော်ထားပါတယ်။

အဆိုပါမိုးလေဝသဖြစ်စဥ်များကြောင့် စက်တင်ဘာလ ၂၁ ရက်ညပိုင်းမှ စက်တင်ဘာလ ၂၆ ရက်အတွင်း ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့၌ မိုးရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။