
(အားကစား) စက်တင်ဘာ ၂၂
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်း ဟာ ဟော်ဖန်ဟင်မ်အသင်း ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပယ်နယ်တီနှစ်ဂိုးအပါအဝင် ဟက်ထရစ်သွင်းယူနိုင်ပြီးနောက် ဘွန်ဒစ်လီဂါသမိုင်းမှာ ပထမဆုံးပယ်နယ်တီ ၁၇ လုံးကို ရာနှုန်းပြည့်ဂိုးသွင်းနိုင်သူအဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့ပါတယ်။
ဟယ်ရီကိန်း က ဟန်းယော်ကင်း အာဘယ်လ် တင်ရှိထားတဲ့ ပထမဆုံးပယ်နယ်တီ ၁၆ ကြိမ်စလုံး ဂိုးသွင်းနိုင်သူမှတ်တမ်းကို ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အာဘယ်လ် ဟာ ပယ်နယ်တီ ၁၆ လုံးအတွက် ကိုးရာသီ အချိန်ယူခဲ့ရပြီး ဟယ်ရီကိန်း ကတော့ သုံးရာသီအတွင်း မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဟယ်ရီကိန်း အနေနဲ့ အခုရာသီဘွန်ဒစ်လီဂါလေးပွဲမှာ ဒုတိယမြောက်ဟက်ထရစ် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အခုရာသီလိဂ်ဂိုး ရှစ်ဂိုးအပါအဝင် ပြိုင်ပွဲစုံခုနစ်ပွဲမှာ ၁၃ ဂိုးအထိ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဟယ်ရီကိန်း ဟာ ဘိုင်ယန်အသင်းကို ရောက်ရှိလာချိန်မှ ယခုအထိ ဟက်ထရစ် ကိုးကြိမ်အထိ ရရှိခဲ့ပါတယ်။
#PAN