
(အားကစား) စက်တင်ဘာ ၂၂
ပြီးခဲ့တဲ့ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ဖို့အတွက် ကြိုးစားမှုမှာ ဒဏ်ရာရခဲ့တာကြောင့် ဘီလာရုစ် တင်းနစ်မယ် ဆာဘာလန်ကာ ဟာ တရုတ်အိုးပင်း ပြိုင်ပွဲကနေ နုတ်ထွက်လိုက်တယ်လို့ သိရပါတယ်။
မနှစ်က တရုတ်အိုးပင်းပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တဲ့ ဆာဘာလန်ကာ ဟာ အခုလ အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ယူအက်စ်အိုးပင်း ဗိုလ်လုပွဲမှာ အန်နီစီမိုဗာ ကိုအနိုင်ယူပြီး ကစားသမားဘဝ ၄ ခု မြောက် ဂရင်းစလမ် ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။
ဆာဘာလန်ကာ က ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ ဒဏ်ရာရရှိခဲ့ တာကြောင့် တရုတ်အိုးပင်းပြိုင်ပွဲကနေ နုတ်ထွက်လိုက်ကြောင်းကို ဝမ်းနည်းစွာနဲ့ အသိပေးလိုက်ရပါတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒဏ်ရာကနေ အမြန်ဆုံးသက်သာလာဖို့ကို ကြိုးစားသွားမှာဖြစ်သလို ရာသီကုန်ပိုင်းမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်ကစားနိုင်ဖို့ကို အာရုံစိုက်သွားမှာဖြစ်ပါတယ်လို့လည်း ဆာဘာလန်ကာ က အသိပေးထားပါတယ်။
အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ် ချန်ပီယံဆု ကာကွယ်ရမယ့် တရုတ်အိုးပင်းပြိုင်ပွဲကို စက်တင်ဘာလ ၂၄ ရက် ကနေ အောက်တိုဘာလ ၅ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။
ပြိုင်ပွဲကနေ ထွက်သွားခဲ့တဲ့ ဆာဘာလန်ကာ ရဲ့ နေရာမှာ ဖိလစ်ပိုင်တင်းနစ်မယ် အာလာ ကို အစားထိုးဝင်ရောက်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
#PAN