
(အားကစား) စက်တင်ဘာ ၂၂
အယ်လ်နာဆာအသင်း က ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ အယ်လ်ရီယာ့ဒ်ကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နှစ်ဂိုးထပ်သွင်းပြီး ကစားသမားဘ၀ သွင်းဂိုးပေါင်း ၉၄၅ ဂိုး ရှိလာခဲ့ပါတယ်။
ဒါကြောင့် သူ့ရဲ့ဂိုး ၁,၀၀၀ ပစ်မှတ်အတွက် ၅၅ ဂိုးသာလိုတော့တဲ့ အနေအထားကို ရောက်လာခဲ့ပါတယ်။
စီရော်နယ်ဒို ဟာ အခုရာသီဆော်ဒီလိဂ် သုံးပွဲကစားရာမှာ သုံးဂိုး သွင်းယူထားတာြဖစ်ပါတယ်။
စီရော်နယ်လ်ဒို ဟာ သုံးပွဲကစား သုံးပွဲအနိုင်ရခဲ့ပေမယ့် အခုထက် နိုင်ပွဲတွေ ပိုမိုအလိုရှိတယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့ ပါတယ်။
အယ်လ်နာဆာအသင်းအတွက် အခြားဂိုးသုံးဂိုးကို ဂျော်အိုဖေးလစ်က နှစ်ဂိုး၊ ကိုးလ်မန်းက တစ်ဂိုး သွင်းခဲ့ပါတယ်။ ဂျော်အိုဖေးလစ်ဟာ အခုရာသီလိဂ်ပွဲ သုံးပွဲမှာ ငါးဂိုးအထိ သွင်းယူထားပါတယ်။
#PAN