
(နိုင်ငံတကာ) စက်တင်ဘာ ၂၂
ထိုင်းကျောင်းဆရာတစ်ဦးရဲ့ မုဒိန်းပြုကျင့်ခဲ့ရတဲ့ ငါးတန်းကျောင်းသူတစ်ဦးဟာ ဆေးရုံမှာ တစ်လကျော်ကြာ ဆေးဝါးကုသမှုခံလိုက်ရတယ်လို့ ထိုင်းဘက်ကလာတဲ့သတင်းတွေအရ သိရပါတယ်။
အသက် ၄၉ နှစ်အရွယ် အနုပညာဆရာ စမစ်(အမည်လွှဲ)ဟာ ဆကဲအိုပြည်နယ်မှာရှိတဲ့ ကျောင်းတစ်ကျောင်းက ပညာရေးထန်ထမ်းဖြစ်ပြီး သူတာဝန်ထမ်းဆောင်နေတဲ့ကျောင်းက ကျောင်သူလေးကို အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။
အဆိုပါကျောင်းဆရာဟာ ကော့ခ်ဆွန်းဒေသက ငါးတန်းကျောင်းသူလေးကို လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင်ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားတာတယ်လို့လည်း သတင်းတွေအရ သိရပါတယ်။
စက်တင်ဘာ ၂၁ ရက်က ဆကဲအိုပြည်နယ် ရဲတပ်ဖွဲ့ (ဒေသ ၂) ရဲမှူးချုပ်ပါဝင်တဲ့ ရဲအရာရှိတွေဟာ ဘန်ကောက်မှာ ပုန်းအောင်နေတဲ့ အဆိုပါကျောင်းဆရာကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးချက်တွေအရ ကျူးလွန်သူဆရာဟာ ငါးတန်းကျောင်းသူလေးကို ဆွဲဆောင်စည်းရုံးပြီး လိင်ပိုင်းဆိုင်ရာအလွဲသုံးစားပြုမှုတွေ ပြုကျင့်မှုတွေကို အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။
ကျောင်းဆရာကတော့ စွဲဆိုထားတဲ့ စွပ်စွဲချက်အားလုံးကို ဝန်ခံပေမယ့် “ကလေးငယ်က သူ့ကိုအရင်ဆွဲဆောင်ခဲ့တာ” လို့ တုန့်ပြန်ပါတယ်။
ထိုင်းသတင်းတွေအရ အဆိုပါ လိင်အကြမ်းဖက်မှုဟာ အလွန်ပြင်းထန်တယကြောင့် ကလေးငယ်ရဲ့ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်လကြာ ဆေးရုံတက်နေခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ကျူးလွန်သူကျောင်းဆရာကိုတော့ ထိုင်းနိုင်ငံရဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။