
(အားကစား) စက်တင်ဘာ ၂၂
ယခုတစ်ပတ် စနေနေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနှင့် မန်ယူအသင်းတို့ပွဲစဉ်မှာ မန်ယူအသင်း က ၂ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးသွင်းယူခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ် ပွဲ ၂၀၀ ပြည့်ခဲ့သလို သွင်ဂိုး ၁၀၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါပွဲအပြီးမှာ မန်ယူအသင်းနည်းပြ အာမိုရင်မ် က ဖာနန်ဒက်စ် ဟာ အသင်းသားတွေအပေါ် လွှမ်းမိုးနိုင်မှုရှိခဲ့ပြီး တစ်ခါတစ်ရံတော့ ပွဲတိုင်းမှာ အဓိကလူအဖြစ် သူဟာ အကောင်းဆုံးအနေအထား မရှိခဲ့ပါဘူး။
ဒါပေမယ့် အရေးကြီးဆုံးအချက်က အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ လုပ်နိုင်တဲ့ အနေအထားတိုင်းမှာ အသင်းကို ပိုမိုကောင်းမွန်အောင် ကူညီဖို့ အကောင်းဆုံးဖြစ်နေရပြီး ပိုမိုကောင်းမွန်အောင် ကစားနိုင်တယ်လို့ ယူဆပါကြောင်း ချီးကျူးပြောကြားခဲ့ပါတယ်။
#PAN