
(ပြည်တွင်း) စက်တင်ဘာ ၁၈
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံပြီး လက်နက်ကိုင်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေအတွင်းမှာ ရောက်ရှိနေသူတွေကို အလင်းဝင်ဖို့ အစိုးရရဲ့ဖိတ်ခေါ်ချက်အရ စက်တင်ဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီက မြင်းမူမြို့မှာ PDF ၂ ဦးအလင်းဝင်ရောက်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် ကျန်စစ်သားရပ်ကွက်မှာနေထိုင်တဲ့ ညီရဲထွန်း(၂၃)နှစ်နဲ့ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေဂဲရပ်ကွက်မှာနေထိုင်တဲ့ ထက်လင်းမောင်(ခ)စံရှား(၁၈)နှစ်တို့ အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ PDF နှစ်ဦးဟာ အလင်းဝင်ရောက်လိုကြောင်း မြင်းမူမြို့နယ်၊ မင်းရဲကျော်စွာရပ်ကွက်မှာနေထိုင်တဲ့ ညီရဲထွန်းရဲ့ အဒေါ် ဖြစ်သူကတစ်ဆင့် အကြောင်းကြားလာတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ထိန်းသိမ်း ခေါ်ဆောင်ခဲ့ဖြစ်တယ်လို့ သိရပါတယ်။
အခုချိန်မှာတော့ PDF နှစ်ဦးကို လိုအပ်တဲ့စစ်ဆေးမှုတွေဆောင်ရွက်နေပြီး မိဘအုပ်ထိန်းသူတွေထံ ပြန်လည်လွှဲပြောင်းအပ်နှံနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။