ဂတ်အိုးပေါက်ကွဲလို့ မိုးကုတ်ဒေသခံ ၄ ဦး မီးလောင်ဒဏ်ရာရ၊ နေအိမ် မီးလောင်ပျက်စီး

(မှုခင်း) စက်တင်ဘာ ၁၀

မိုးကုတ်မြို့နယ်မှာ ထမင်းချက်ရာက ဂတ်အိုးပေါက်ကွဲခဲ့လို့ အမျိုးသား ၄ ဦး မီးလောင်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်အိမ် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်မှာ မိုးကုတ်မြို့၊ ရှောလီဝိုင်းရပ်ကွက်က နေအိမ်တစ်အိမ်မှာ ဂတ်အိုးနဲ့ ထမင်းချက်ရာတွင် ဂတ်အိုးပေါက်ကွဲပြီး နေအိမ်မီးလောင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

နေအိမ်မီးလောင်မှုကြောင့် ကိုအောင်ကျော်ကျော်၊ ကိုမျိုးလှိုင်ဝင်၊ ကိုရှိုင်ထက်အောင်နဲ့ ကိုစောရန်နိုင်တို့ ၄ ဦးမှာ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပြီး နေအိမ်အတွင်းမှာရှိတဲ့ ပစ္စည်းတွေအားလုံး မီးလောင်ဆုံးရှုံးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။