ပျဥ်းမနားက လူသတ်မှု တရားရားရုံးက သေဒဏ်ချ


(မှုခင်း) စက်တင်ဘာ ၃

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ နယ်မြေ (၈)၊ ဥယျာဉ်စုအုပ်စု၊ ဦးကျေးရပ်ကွက်တွင်ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့်ပတ်သက်ပြီး တရားခံအား ပျဉ်းမနားခရိုင်တရားရုံးက သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ နယ်မြေ(၈)၊ ဥယျာဉ်စုအုပ်စု၊ ဦးကျေးရပ်ကွက်တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၇ ရက်က နေမျိုးထိုက်အား ဂျပ်စ်ပဲရိုး(ခ)ကျော်သိန်း(ခ) ဇော်ဇော်လတ်နှင့် အောင်အောင်(ခ)အောင်ကြီးတို့က ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့သဖြင့် နေမျိုးထိုက် သေဆုံးသည့်အမှုဖြစ်ပွားခဲ့သည်။

ယင်းအမှုအား မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားစွဲဆိုတင်ပို့ခဲ့ရာ ပျဉ်းမနားခရိုင်တရားရုံးက ရာဇဝတ် အထွေထွေမှုအမှတ် ၃/၂၀၂၅ ဖြင့် တရားခံပြေး ဂျပ်စ်ပဲရိုး(ခ)ကျော်သိန်း(ခ)ဇော်ဇော်လတ်အား ရာဇသတ်ကြီးပုဒ်မ၃၀၂/ကျင့် ၅၁၂အရရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇၊ ၈၈ ထုတ်ဆင့်ဆောင်ရွက်ခဲ့ပြီး ရာဇဝတ်ကြီးမှုအမှတ် ၁၅/၂၀၂၅ ဖြင့် တရားခံ အောင်အောင်(ခ)အောင်ကြီးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ခ)/၃၄ အရ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားသဖြင့် ပျဉ်းမနားခရိုင်တရားရုံးက စက်တင်ဘာ ၂ ရက်နေ့တွင် သေဒဏ်ကျခံ စေရန်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

PAN