(ပြည်တွင်း) သြဂုတ် ၂၉

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စည်းရုံမည့် ပါတီ ၉ ခုနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်တစ်ခုတည်း စည်းရုံးမည့်ပါတီ ၅၂ ပါတီရှိကြောင်း UEC မှ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်တဲ့ တည်ဆဲနိုင်ငံရေးပါတီ ၆၁ ပါတီရဲ့စာရင်းကို ပြန်လည်ဖြေကြားထားပါတယ်။

UEC ရဲ့ ဖြေကြားချက်အရ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီ များမှာ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ကျားဖြူပါတီစတဲ့ အင်အားကြီးပါတီများအပါအဝင် ပါတီ ၉ ခု ကို တွေ့ရပါတယ်။

ဒါ့အပြင်တိုင်းဒေသကြီးနှင့်ပြည်နယ်တစ်ခုချင်း စည်းရုံးမည့်ပါတီများမှာ မြန်မာပြည်သူ့ဒီမိုကရက်တစ် ပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်) ၊ ရခိုင့်ဦးဆောင်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ဖလုံ – စဝေါ် ဒီမိုကရက်တစ် ပါတီ အပါအဝင် ပါတီ ၅၂ ပါတီရှိကြောင်း သိရပါတယ်။