

(ပြည်တွင်း) သြဂုတ် ၂၈
ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP)နဲ့ ပြည်ခိုင်ဖြိုးပါတီတို့အကြား နားလည်မှုစာချွန်လွှာ(MOU)လက်မှတ်ရေးထိုးဖို့အတွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ ကမ္ဘောဒီးယားကိုရောက်ရှိနေတယ်လို့ ပါတီရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
အခုလိုသွားရောက်တာဟာ ကမ္ဘောဒီးယာနိုင်ငံ Cambodia People’s Party ရဲ့ ဖိတ်ကြားချက်အရသွားရောက်တာဖြစ်ပြီး သြဂုတ် ၂၇ ရက်နေ့ ညနေပိုင်းက ရန်ကုန်ကနေထွက်ခွာသွားတာဖြစ်တယ်လို့လည်း သိရပါတယ်။
သြဂုတ်လ ၂၈ ရက်နေ့မနက်ပိုင်းမှာတော့ ကမ္ဘောဒီးယား အာဏာရပါတီ CPP ပါတီ ဒုတိယဥက္ကဋ္ဌ မစ္စတာ ဟွန်မနက်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေရှိသလို ကမ္ဘောဒီးယားပြည်သူ့ပါတီဥက္ကဋ္ဌ မစ္စတာ ဟွန်ဆန်နဲ့လည်းတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်သွားဖို့ရှိတယ်လို့ ပါတီက သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။