(နိုင်ငံတကာ) ဩဂုတ် ၂၅

ဟောင်ကောင်မှာ ဩဂုတ်လ ၈ ရက်နေ့က စတင်ကျင်းပနေတဲ့ ၂၀၂၅ ခုနှစ် အာဆီယံရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံက “ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်” အကယ်ဒမီရ ဇာတ်ကားကြီးကို ပါဝင်ပြသခဲ့တယ်လို့ သိရပါတယ်။

ဟောင်ကောင်-အာဆီယံဖောင်ဒေးရှင်းက ဩဂုတ်လ ၈ ရက်ကနေ ၃၁ ရက်အထိ ၂၀၂၅ အာဆီယံရုပ်ရှင်ပွဲတော်ကို ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသမှာ ကျင်းပနေပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ ရပ်ဝန်းနဲ့ ပိုးလမ်းမ (၄) နိုင်ငံတွေဖြစ်တဲ့ အီဂျစ်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံ၊ ကာဇတ်စတန်နိုင်ငံနဲ့ တူရကီနိုင်ငံတွေက စုစုပေါင်း ရုပ်ရှင်ဇာတ်ကား(၂၄)ကားကို ပါဝင်ပြသခဲ့ကြတယ်လို့ သိရပါတယ်။
ချစ်သူသာ ပန်းတစ်ပွင့် ဖြစ်ခဲ့လျှင်” မြန်မာရုပ်ရှင်ဇာတ်ကားကို ဩဂုတ် ၁၇ ရက်နေ ဒေသစံတော်ချိန် ညနေ ၃ နာရီအချိန်က ဟောင်ကောင်ဒေသ၊ Central မှာရှိတဲ့ Entertainment အဆောက်အအုံ၊ Emperor ရုပ်ရှင်ရုံမှာ ပြသခဲ့တာဖြစ်တယ်လို့လည်း မြန်မာ့ရုပ်ရှင်အစည်းအရုံးထံက သိရပါတယ်။
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသမှာရှိတဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးဟာ အဆိုပါ ၂၀၂၅ ခုနှစ်၊ အာဆီယံရုပ်ရှင်ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ပြီး ရုပ်ရှင်ပြပွဲကို ဟောင်ကောင်-အာဆီယံ ဖောင်ဒေးရှင်းကတာဝန်ရှိသူတွေ၊ ဟောင်ကောင်ဒေသက အာဆီယံကောင်စစ်ဝန်ချုပ်ရုံးတွေက ကိုယ်စားလှယတွေ၊ ဟောင်ကောင်ဒေသက မြန်မာနိုင်ငံသားတွေနဲ့ စိတ်ပါဝင်စားသူတွေ လာရောက်ကြည့်ရှုအားပေးခဲ့ကြတယ်လို့ သိရပါတယ်။