(ပြည်တွင်း)သြဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားသော Sky Villa အဆောက်အအုံ A အဆောင်အား ရှင်းလင်းရာမှ အမျိုးသား ၁ ဦး၏ ရုပ်အလောင်းတွေ့ရှိရကြောင်း သိရသည်။

သြဂုတ်လ ၁၉ရက်နေ့ မွန်းလွဲ၃နာရီ ၅၀မိနစ်အချိန်ခန့်က Sky Villa အဆောက်အအုံ A အဆောင် အား NTL ကုမ္ပဏီ(Sky villa condo)၊ Asiaworld ကုမ္ပဏီနှင့် မြို့တော်စည်ပင်သာယာ ရေးကော်မတီပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ရုပ်အလောင်းတွေ့ရှိရသဖြင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်း သန္ဓေတပ်ဖွဲ့ဝင်များမှ ရုပ်အလောင်းထုတ်ယူရေး လုပ်ငန်းဆောင်ရွက်ခဲ့ရာ အခန်းအမှတ် C3 မှ အမျိုးသား(၁)ဦး၏ ရုပ်အလောင်းအား ညနေ ၄နာရီခွဲဝန်းကျင် အချိန်တွင် ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရုပ်အလောင်းအား မြတ်သဒ္ဒါလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။