(ပြည်တွင်း) ဩဂုတ် ၁၉

အဂတိလိုက်စားမှုးတိုက်ဖျက်ရေးကော်မရှင်(ACC Myanmar)က ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်သည့် အသိပညာရရှိစေရန်နှင့် ဖြောင့်မတ် တည်ကြည်မှု မြှင့်တင့်ရေးပညာပေး (Edutainment) အစီအစဉ်ကို အခြေခံပညာကျောင်း ၃၁ ကျောင်း၌ လုပ်ဆောင်ခဲ့ပါတယ်။
အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုး ဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတိုကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစား တွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး(Edutainment)အစီအစဉ်များကို အခြေခံပညာမူလတန်းနှင့် အလယ်တန်း အဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ACC Myanmar က အသိပေးထား ခြင်းဖြစ်ပါတယ်။
၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြိုများရှိ အခြေခံပညာ ကျောင်း ၃၁ ကျောင်းမှာ Edutainment အစီအစဉ်များ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။