ဒေသတွင်းကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး အလေးထားဆောင်ရွက်သွားရမည်ဖြစ်

(ပြည်တွင်း) ဩဂုတ် ၁၃

မြို့နယ်အလိုက် အခြေခံစားသုံးကုန်များဖြစ်သည့် ဆန်၊ ဆီ၊ အသား၊ ငါး၊ ဥ၊ နို့ ဖူလုံမှုရှိစေရေး ဦးစားပေး ဆောင်ရွက်သွားရမှာဖြစ်ပြီး ဒေသတွင်းကုန်ဈေးနှုန်း တည်ငြိမ်မှု ရှိစေရေးကို အလေးထားဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးမှာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားခဲ့ပါတယ်။

ဒေသတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ နှစ်အလိုက်ချမှတ်ထားသည့် စီမံချက်များအပေါ် သတ်မှတ်ရာခိုင်နှုန်းအတိုင်း တိုးတက်မှုရရှိရေး ကြိုးစား ဆောင်ရွက်သွားရမည်ဖြစ်ပြီး MSME ထုတ်ကုန်များကို ပြည်ပ ပို့ကုန်အဆင့်ထိ တင်ပို့နိုင်ရေးထုတ်ပိုးမှုစနစ်မှစ၍ ဈေးကွက်ရှာဖွေရရှိမှုအဆင့်ထိ ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း ဦးမျိုးဆွေဝင်း ကပြောကြားခဲ့ပါတယ်။

ယခုနှစ်သည် မိုးဦးကောင်းပြီး အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် မိုးသီးနှံများ ထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်ကုစားနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်နှင့် မိုးသီးနှံစိုက်ပျိုး ထုတ်လုပ်မှု လျော့နည်းမှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်သွားရန်လည်း လိုအပ်ကြောင်း သိရပါတယ်။

#PAN