(ပြည်တွင်း) ဩဂုတ် ၁၃

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်နေပြည်သူများကို အီလက်ထရောနစ် မဲပေးစက်အကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ရှင်းလင်းပြ သကာ လက်တွေ့စမ်းသပ် ဆန္ဒမဲပေးနေမှုများ လုပ်ဆောင် ပေးလျက်ရှိကြောင်း သိရပါတယ်။
ပြည်သူများကို မြန်မာအီလက်ထရောနစ်မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးပြုပုံအဆင့်ဆင့်အား ရှင်းလင်း တင်ပြကာ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်ဆန္ဒမဲ ပေးခြင်းကို ဒေါတမရပ်ကွက်၊ တောင်တန်းသာသနာပြု ဗဟိုတပ်ဦးကျောင်းဓမ္မာရုံမှာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
မဲပေးစက်စမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းကို ဒေါတမရပ်ကွက်နေပြည်သူ ၃၀၀ ဦးခန့် ပါဝင် ဆောင်ရွက် ခဲ့ပြီး ပြည်နယ်အတွင်းမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများ အလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။
မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းမှာ အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုကျင်းပမည့် ပထမဆုံး ရွေးကောက်ပွဲဖြစ်ပြီး အဆိုပါမဲပေးစက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ပြည်တွင်းကျွမ်းကျင် နည်းပညာရှင် များပေါင်းစပ်ကာ မြန်မာနိုင်ငံနှင့်ကိုက်ညီတဲ့ ဒီဇိုင်းပုံစံတီထွင်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
#PAN