NUG ဆေးရုံ ဗုံးကြဲခံရလို့ အကြမ်းဖက်ဝင်တွေ သေဆုံးကြောင်း သိရ


(မှုခင်း) ဇူလိုင် ၃၀

PDF အကြမ်းဖက်သမားတွေကို လျှိူ့ဝှက်ဆေးကုနေတဲ့ ပြည်ပြေး NUG ဆေးရုံတစ်ခုမှာ တပ်မတော်ရဲ့ ဗုံးကြဲတာကို ခံရလို့ ဆေးကုသနေတဲ့ အကြမ်းဖက် PDF အဖွဲ့ဝင်တွေ သေဆုံးသွားခဲ့တယ်လို့ NUG/PDF လော်ဘီ မီဒီယာတွေက ရေးသားကြပါတယ်။

ဗုံးကြံခံရတဲ့ ပြည်ပြေးအဖွဲ့ရဲ့ ဆေးရုံမှာစစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အရှေ့ခြမ်း၊ ရွှေဘို-မြစ်ကြီးနားဗျူဟာကားလမ်းမကြီး အရှေ့ဘက်နဲ့ဧရာဝတီမြစ်ကြားမှာ တည်ရှိတဲ့ ဆေးရုံတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဆေးရုံကို တပ်မတော်ဘက်က ဇူလိုင် ၂၉ ရက် မနေ့က ည ၁၁ နာရီခန့်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ပစ်ခတ်ခံရမှုကြောင့် အကြမ်းဖက်အဖွဲ့ လူနာတွေအပါအဝင် လူနာစောင့် ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ အများအပြားရှိခဲ့တယ်လို့လည်း အကြမ်းဖက်လော်ဘီမီဒီယာတေံက ဆိုပါတယ်။

တပ်မတော်က ပစ်ခတ်လိုက်တဲ့ ဗုံးမှာ PDFရဲဘော်တွေရဲ့ ဆေးကုသဆောင်အပေါ် တည့်တည့်ကို ကျခဲ့တာကြောင့် အသေအဆုံးတွေ ရှိခဲ့သလို မသေဘဲ ကျန်ရှိခဲ့တွေမှာလည်း
ထဲ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့လည်း ရေသားနေကြတာ ဖြစ်ပါတယ်။

ချာဂျင်လို့ အမည်ပေးထားတဲ့ အဆိုပါ ဆေးရုံကို ပြည်ပြေး NUG အဖွဲ့က ဒဏ်ရာရ PDF အကြမ်းဖက်သမားတွေကို ဆေးဝါးကုသပေးနေဖို့ ဖွင့်လှစ်ထားတာဖြစ်ပါတယ်လို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဆေးရုံမှာ CDM လုပ်သွားကြတဲ့ အကြမ်းဖက်တဲ့ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းတွေ အထိုင်ချ ဆေးဝါးကုမှုတွေ ပေးနေတာဖြစ်ပြီး အကြမ်းဖက်သမားတွေ အများအပြား လာရောက်ဆေးကုသနေတဲ့ ဆေးရုံတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။

ယခု ပစ်ခတ်ထိခိုက်မှုသတင်းမှာ မှန်ကန်ခဲ့ပါက အကြမ်းဖက်သမား လူနာတွေ၊ လူနာစောင့်တွေအပြင် အကြမ်းဖက် ဆရာဝန်တွေပါ သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။