
(ပြည်တွင်း) ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့ရှိ စိမ်းလဲ့မြေဆန်စက်မှာ ကနဦး Solar တပ်ဆင်အင်အား 487kWp ကို တပ်ဆင်ခဲ့ကာ စတင်လည်ပတ်ခဲ့နေပြီဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဆိုလာတပ်ဆင်ခြင်းကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ဦးဆောင်မှုနဲ့ ဆန်စက်နှင့် သိုလှောင်ရုံ များမှာ Solar Power System ဖြင့် ပေါင်းစပ်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိနေတာ ဖြစ်ပါတယ်။
ပို့ကုန်လုပ်ငန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီကြီးများ၏ ဆန်စက်များတွင် Solar Energy နေရောင်ခြည် စွမ်းအင်ကို ပေါင်းစပ်သုံးစွဲခြင်းဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြု၍စဉ်ဆက်မပြတ် ဆန်စပါး ထုတ်လုပ် နိုင်ရန်ရည်ရွယ်ပြီး အသင်းချုပ်က ဆိုလာစွမ်းအင်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း၊ ဖြန့်ချိ၊ တပ်ဆင်သည့် ကုမ္ပဏီ ၁၇ ခု နှင့် MOUလက်မှတ် ရေးထိုးထားခဲ့ပါတယ်။
ဆိုလာတပ်ဆင်မည့် ဆန်စက် ၂၈ စက် (စုစုပေါင်း တပ်ဆင်အင်အား ၄၁ ဒသမ ၉ မဂ္ဂါဝပ်)ကို ၂၀၂၅ခုနှစ် မတ်လမှစတင်၍ ကနဦးစူးစမ်းလေ့လာရေး၊ တည်ဆောက်တပ်ဆင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပြီး ကျန်ဆန်စက် များအနေဖြင့်လည်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး မကြာမီလျှပ်စစ်ထုတ်လုပ်မှု စတင်နိုင်တော့ မည်ဖြစ်ကြောင်း သိရပါတယ်။