(ပြည်တွင်း) ဇူလိုင် ၂၇

သထုံမြိူ့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ပုတိန်ရိုးကျေးရွာ အ.ထ.က(ခွဲ)(ပုတိန်ရိုး)တွင် အခြေပြုလှုပ်ရှားနေသာ ရထားလမ်း လုံခြုံရေးအဖွဲ့ဝင် ၂ ဦး ယနေ့ ညနေ့ ၅ နာရီ ၃၀ မိနစ်အချိန်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း သိရသည်။

ဖြစ်စဥ်မှာ ရထားလမ်းလုံးခြုံံရေး အဖွဲ့ဝင် ၂ ဦးသည် ပုတိန်ရိုးကျေးရွာ “မေဦး” ကုန်စုံဆိုင်သို့ Kapay ထုတ်ရန်သွားရောက်ခဲ့ပြီး ရွာလမ်းအတိုင်းပြန်လာစဥ် အကြမ်းဖက် သမား ၃ ဦးမှ ချောင်းမြောင်ပစ်ခတ်ခြင်းခံရ၍ ဦးအောင်ကိုဝင်း တွင် ဦးခေါင်းနှောက်စေ့ ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲနာခေါင်းကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာနံဘေး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ဦးသန်းဇော်ဦးတွင် ဝဲရင်ညွှန့်အောက် ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာနံဘေးကျည်ဖောက် ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ လက်ဖျံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာပေါင်ရင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်အသီးသီးရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်သမား ၃ ဦးသည် အင်္ကျီလက်ရှည်အမဲ ဆင်တူဝတ်ဆင်ထားကာ Honda Wave Alpha(အနက်ရောင်)(နံပါတ် မမှတ်မိ)ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၁၀ ချက်ခန့် ပတ်ခတ်၍ ဆိုင်ကယ်အား မိုးကောင်းကျေးရွာဘက်သို့ အမြန်မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
အခင်းဖြစ်ရပ်နေရာသို့ လုံခြုံရေးအဖွဲ့ဝင်များ ရောက်ရှိလာပြီးစီစစ်ရာ ၉ မမ ကျဉ်ခွံ ၁၀ ခုနှင့် ကျဉ်ဆံထိပ်ဖူး ၃ ခုတို့အားတွေ့ရှိရပြီး အကြမ်းဖက်သမားများ ဖမ်းဆီးရမိရေး လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
#PAN