၂၀၂၅ ခုနှစ်၊ အောင်စာရင်းအတွက် မည်သည့် Mobile Application မှ ထုတ်ဝေထားခြင်းမရှိဟုဆို

(ပြည်တွင်း) ဇူလိုင် ၂၆

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို Online မှ ကြေညာရာတွင် တရားဝင်ကြေညာထားသည့်အတိုင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တစ်ခုတည်းမှသာ ကြေညာပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထို Website တွင် တရားဝင်ကြေညာမည့် နည်းလမ်းများမှအပ ၂၀၂၅ ခုနှစ်၊ အောင်စာရင်းအတွက် အခြား မည်သည့် Mobile Application မှ ထုတ်ဝေထားခြင်းမရှိဘူးလို့လည်း သိရပါတယ်။

သို့ဖြစ်ပါ၍ တရားမဝင် Application များမှတစ်ဆင့် အသုံးပြုသူများ၏ လုံခြုံရေး မကျိုးပေါက်စေရေးအတွက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ မည်သည့် Mobile App မှ ထုတ်ဝေထားခြင်း မရှိကြောင်းကို သတိပြုနိုင်ကြပါရန် အသိပေးနှိးဆော်ထားပါတယ်။

#PAN