
(မှုခင်း) ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် နှစ်ရက်ဆက်တိုက် မီးလောင်မှုများဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်၊ အမှတ်(၄)လမ်းတွင် ယနေ့ ဇူလိုင် ၂၃ ရက်နေ့ နံနက် ၀၉ နာရီ ၂၇ မိနစ်အချိန်ခန့်က အာမီရမ်အရက်ချက်စက်ရုံမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုပွားသောနေရာသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၁၂) စီးဖြင့် Level 1 ယာဉ်အုပ်စုများထွက်ခွာငြိမ်းသတ်ခဲ့ပြီး နံနက် ၁၀ နာရီ ၀၄ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ ည ၆ နာရီ ၅၃ မိနစ်အချိန်ခန့်ကလည်း ၎င်းမြို့နယ်ရှိ ဝါးတရာစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ည ၇ နာရီ ၄၉ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။