မဟာအောင်မြေမြို့နယ်တွင် Bluetooth Box အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား


(မှုခင်း) ဇူလိုင် ၂၀

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့ နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၆×၃၇ လမ်းကြား၊ ၇၀×၇၁ လမ်းကြား၌ ယမန်နေ့ည ၇ နာရီ ၅၅ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်းမီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၁၃ မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၈ နာရီ ၁၆ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုဖြစ်စဉ်မှာ အိမ်ရှင် ဒေါ်ခင်မာချို၊ ၄၃ နှစ်၊ (ဘ)ဦးထွန်းသိန်း၊ ဈေးရောင်းပိုင်ဆိုင်သောနေအိမ်အား ငှားရမ်းနေထိုင်သည့် ဒေါ်ဌေးဌေးဝင်း၊ ၃၉ နှစ်၊ (ဘ) ဦးသိန်းအောင်၊ ဈေးရောင်း ဌားရမ်းနေထိုင်သည့် နံကပ်(၂)ထပ်နေအိမ်အပေါ်ထပ် အလယ်တိုင်တွင် အားသွင်းထားသော Bluetooth Box အပူလွန်ကဲရာမှ ဘတ္ထရီ‌ ပေါက်ထွက်ပြီး မီးစတင်လောင်ကျွမ်းကာ အနီးရှိ အဝတ်စားများသို့ မီးကူးစက်‌၍ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် လူနေ အိမ်(၈)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုး ၁၂၉၀၀၀၀၀/သိန်း ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း၊ မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်ဌေးဌေးဝင်းအား ဥပဒေအရအရေးယူထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN