နေပြည်တော်တွင် ကပ္ပိယအဘိုးအိုတစ်ဦး အသတ်ခံရ


(မှုခင်း) ဇူလိုင် ၂၀

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျဌာနေလမ်း၊ အမှတ်(၁)မီးသတ်စခန်းနောက်ဘက် တောတွင်းတွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က လူတစ်ဦးဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သိရသည်။

အခင်းဖြစ်ရာနေရာသို့ လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဦးလှဝင်း၊ ၇၄ နှစ်၊ (ဘ)ဦးချပ်၊ ကပ္ပိယ၊ လေးကျွန်းမဏ္ဏနိုင်ဘုန်းကြီးကျောင်း၊ကိုးရွာသပြေကုန်းနေထိုင်သူဖြစ်ပြီး တောတွင်းရှိ ၄င်းပြုလုပ်ထားသော မီးသွေးဖိုအနီး၊ အပေါ်ပိုင်းအဝတ်ဗလာဖြင့် ယာက်ဦးခေါင်းနောက်စေ့၊ ငယ်ထိပ်ပေါက်ပြဲ၊ပါးစပ်သွေးထွက်၊ မှေးစေ့အောက်ကွဲဒဏ်ရာများဖြင့် သေဆုံးနေပြီး ၄င်းအနီးတွင် သွေးစများပေနေသော(၂)ပေခန့် သစ်သားချောင်း(၁)ချောင်းတွေ့ရှိရကြောင်း သိရသည်။

ထို့နောက် သက်ဆိုင်ရာလုံခြုံးရေးအဖွဲ့မှ စုံစမ်းစစ်ဆေးရာ တရားခံ ၃ ဦးအား ဖမ်းဆီးရမိထားပြီး၊ သေဆုံးသူ၏ အလောင်းအား နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံပို့ဆောင်ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN