(နိုင်ငံတကာ) ဇူလိုင် ၁၆
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ် သည် တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် ပေကျင်းမြို့၌ တွေ့ဆုံ ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားခဲ့သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အက်စ်စီအို) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရေး အတွက် ပေကျင်းမြို့သို့ ရောက်ရှိနေချိန်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးက တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် တွေ့ဆုံ ခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗရော့ဗ် သည် ရုရှား သမ္မတပူတင်၏ နှုတ်ခွန်းဆက် စကားများကို တစ်ဆင့်ပြန်ကြားခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြော ကြားခဲ့သည်။
ယင်းအပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့သည် ရုရှားသမ္မတပူတင်၏ တရုတ်ခရီးစဉ်အပါအဝင် နှစ်နိုင်ငံ နိုင်ငံရေးဆက်ဆံမှုပုံစံများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရသိရသည်။
ရုရှားသမ္မတ ပူတင် သည် ယခုနှစ်စက်တင်ဘာလအတွင်း အက်စ်စီအိုထိပ်သီးညီလာခံ တက်ရောက်ရေး အတွက် တရုတ်နိုင်ငံသို့ လာရောက်မည်ဖြစ်သည်။
အဆိုပါခရီးစဉ်အတွင်း ရုရှားသမ္မတ ပူတင် သည် တရုတ်သမ္မတနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကို စစ်နိုင်မှုအထိမ်းအမှတ် အခမ်းအနားများတွင်လည်း ပါဝင်တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
#PAN