(မှုခင်း) ဇူလိုင် ၁၅
မင်းတုန်းမြို့နယ် အင်းဗျတ်ကျေးရွာအုပ်စု၊ ဂျင်းရဲတဲတိုက်ကျေးရွာမှာနေထိုင်တဲ့ အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်တွေက လာရောက်သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ သရက်- မင်းတုန်းကားလေးမှာရှိတဲ့ အင်းဗျတ်ကျေးရွာအုပ်စု၊ ဂျင်းရဲတဲတိုက်ကျေးရွာမှာနေထိုင်တဲ့ အရပ်သားပြည်သူတစ်ဦးဖြစ်တဲ့ အသက် ၄၁ နှစ် အရွယ် ကိုသူရဆွေ(ခေါ်) အကြီးကောင်ကို ဇူလိုင်လ ၁၅ ရက်န့ မနက် ၈ နာရီခွဲအချိန်ခန့်က လာရောက်ပစ်ခတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

ကိုသူရဆွေ(ခေါ်) အကြီးကောင်ဟာ ဂျင်းရဲတဲတိုက်ကျေးရွာက သူ့ရဲ့နေအိမ်မှာရှိနေစဉ် အကြမ်းဖက် PDF အဖွဲ့အင်အား (၆)ဦးက ဆိုင်ကယ်(၃)စီးနဲ့ ရောက်ရှိလာပြီး နေအိမ်ရဲ့ အနောက်ဘက်ကိုခေါ်ဆောင်သွားကာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့သွားတဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
PDF အဖွဲ့တွေဟာ အရပ်သားပြည်သူဖြစ်တဲ့ ကိုသူရဆွေကို သတ်ဖြတ်ခဲ့ကြပြီး ဂျင်းရဲတဲတိုက်ရဲ့ အနောက်မြောက်ဘက် (၃)မိုင်ခန့်အကွာ အင်းဗျတ်ကျေးရွာဘက်ကို ပြန်လည် ထွက်ခွာသွားကြတယ်လို့ မျက်မြင်တွေက ပြောဆိုထာပါတယ်။
#PAN